Pages

Monday, 15 August 2011

Solaris 10 Basic Installation ပြုလုပ်ပုံအဆင့်ဆင့်

ဒီကျူတိုရီရယ်ကို Oracle Virtual box မှာပဲလုပ်ထားပါတယ်။ အားလုံးအလွယ်တကူလိုက်လုပ်နိုင်အောင်လို့ ပါ။

Solaris 10 (x86) ၊ RAM 2 GB နဲ့  HDD 20 GB ဆိုပြီး configure လုပ်ထားပါတယ်။ 

  

Solaris 10 (x86) ISO ဖိုင်ကို Drive အဖြစ် ရွေးပေးပြီးစက်ကို Start လုပ်လိုက်တာနဲ့ Boot တက်သွားပြီး အောက်က Screenshot လို ပုံပေါ်လာပါမယ်။ Default အတိုင်းပဲSolaris ကိုရွေးပြီး Enter နှိပ်လိုက်ပါ။



အောက်ပါပုံအတိုင်း Preloading ပေါ်လာပါမယ်။ခဏစောင့်ပါ။


ပြီးရင် Installation လုပ်မယ့် Session အမျိုးအစားကိုရွေးပေးပါ။ ဒီကျူတိုရီရယ်မှာတော့နံပါတ် ၄ Solaris Interactive Text (Console Session) နဲ့ လုပ်ထားပါတယ်။ 4 လို့ ရိုက်ပြီး Enter နှိပ်ပေးပါ။


Keyboard Layout ရွေးပေးပါ။ ပြီးရင်Enter နှိပ်ပါ။


ဘာသာစကားရွေးပေးပါ။ ပြီးရင်Enter နှိပ်ပါ။


Network Setting ကို Identify လုပ်ဖို့ ပြောပါတယ်။ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Network Setting ထည့်ဖို့  Yes ရွေးပေးပါ။ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


DHCP Server ရှိလျှင် Yes လုပ်ပြီး။ မရှိလျှင် No ဟုရွေးပါ။ No ဟုရွေးပြီးလျှင် IP Setting ထည့်ရန် Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


ပြီးရင် Hostname ထည့်ပေးပါ။ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


ပြီးရင် IP Address ထည့်ပေးပါ။ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Yes ရွေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Netmask မှန်တယ်ဆိုရင် Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


IPv6 မသုံးတဲ့အတွက် No ကို ရွေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


အခု Configure လုပ်နေတဲ့ Interface အတွက် Default Gateway ထည့်ပေးဖို့ ပါ။ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Default Gateway IP Address ထည့်ပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Key-In လုပ်ခဲ့တဲ့ Information တွေကိုပြပါလိမ့်မယ်။ စိတ်တိုင်းမကျသေးဘူး ပြင်ချင်သေးတယ်ဆိုရင် Esc-4 ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ မှန်နေပြီဆိုရင်တော့ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Unix Security ကိုသုံးမှာဖြစ်တဲ့အတွက် No ကိုရွေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


DNS Service ကိုပဲ သုံးမှာဖြစ်တဲ့အတွက် DNS ကိုရွေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


ကိုယ့် Network ထဲမှာသုံးထားတဲ့ DNS Suffix ကိုထည့်ပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


ကိုယ်သုံးမည့် DNS Server's IP ကိုထည့်ပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Search Domain Name ကိုထည့်ပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Key-In လုပ်ခဲ့တဲ့ Information တွေကိုပြပါလိမ့်မယ်။ စိတ်တိုင်းမကျသေးဘူး ပြင်ချင်သေးတယ်ဆိုရင် Esc-4 ကိုနှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။ မှန်နေပြီဆိုရင်တော့ Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


NFS Domain Name ကို ပုံထဲကအတိုင်း Default ကိုရွေးပြီး  Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Confirm ဖြစ်ပြီဆို Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Time Zone မှာ Asia နဲ့ Myanmar (Burma) ကိုရွေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။

Time Setting ထည့်ပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။

Root Password ထည့်ပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Remote Service Enabled ကို Yes လို့ ရွေးပေးထားပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Register မလုပ်တဲ့ အတွက် Check-box ကို Un-check လုပ်ပြီးဆက်သွားပါ။


Proxy Server Information လည်းမလိုအပ်တဲ့အတွက်မထည့်တော့ပါဘူး။ အကယ်လို့ ကိုယ့် Network မှာ Proxy သုံးထားတယ်ဆိုရင်တော့တခါတည်းထည့်ချင်ထည့်ထားပါ။


Standard Installation လုပ်မှာဖြစ်တဲ့အတွက် Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Automatically Eject ကိုရွေးပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Auto Reboot ကိုရွေးပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။
 


License ကို လက်ခံပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။



Geographic Location ကို ရွေးပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


System Locale ရွးပေးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


Additional Products မထည့်သေးတဲ့အတွက် None ကို ရွးပြီး Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။


UFS ကိုရွေးပါမယ်။ (နောက်ပိုင်းမှာ Zone နဲ့ Clustering တွေသုံးချင်ရင်တော့ ZFS ကပိုကောင်းပါတယ်။) Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။



Entire Distribution ကို install လုပ်ပါမယ်။နောက်ပိုင်း Package တွေထပ်ထည့်ရင် Dependency Package လိုအပ်ချက်နည်းအောင်လို့ ပါ။ 



Disk  ကိုရွေးပေးပြီးဆက်သွားပါမယ်။ ( အကယ်လို့ HDD ၂လုံးသာတပ်ထားခဲ့မယ်ဆိုရင် ဒီနေရာမှာ ၂လုံးလာပေါ်နေမှာပါ။ )



ပြီးရင် Partition ကို Manual ပိုင်းပါမယ်။ Esc-4 ကိုနှိပ်ပါ။



Partition ကို အခုလိုမျိုးအချိုးအစားနဲ့ ပိုင်းထားတယ်။ 

Slice 0 -  /       
35% of Physical Disk 

Slice 1 - swap 
Swap ကို ပုံမှန်အားဖြင့်တော့ Physical RAM ရဲ့ ၁ဆခွဲပေးလေ့ရှိကြတယ် (ဥပမာ Physical RAM က1GB ဆိုရင်ကို 1.5GB ပေးတယ်။ ဒါပေမယ့် တချို့  Application တွေက  Swap လိုအပ်ချက်များကြတယ်။ Oracle Database လိုမျိုးတင်မယ်ဆိုရင် အနဲဆုံး 3GB လိုတယ်) 

Slice 3 - unassigned 
100 MB (Mount Point မှာဘာမှ ရေးပေးစရာမလိုဘူး၊ ဒါ Disk Mirroring လုပ်ရင်သုံးဖို့ ပါ။) 

Slice 7 - /opt
ကျန်သမျှ အားလုံး ဒီ Slice မှာ assign လုပ်လိုက်မယ်။

(တခု သတိထားရမှာ Slice 2 မှာ Overlap ဆိုပြီးတော့ Disk တခုလုံးရဲ့ Capacity ကိုပြနေတယ် အဲဒီဟာကို ဘာမှ သွားလုပ်စရာမလိုဘူး။ တခုခုပြောင်းလိုက်ရင် Boot Manager ကို Install လုပ်တဲ့အခါမှာ Error ဖြစ်သွားတတ်တယ်။)






ပြီးရင် အောက်ကပုံအတိုင်း ကိုယ် assigned လုပ်ခဲ့တဲ့ Partition ကို ပြပါလိမ့်မယ်။ စိတ်ကြိုက်မဖြစ်သေးရင် Esc-4 နှိပ်ပြီးထပ်ပြင်နိုင်ပါတယ်။












Esc-2 သို့ မဟုတ် F2 နှိပ်ပြီးဆက်သွားပါ။

 

ပြီးရင်အခုလိုမျိုး ကိုပြပါလိမ့်မယ်။ 





Begin Installation ရွေးပြီးတာနဲ့ Loading လုပ်ပြီး Installation Process ကိုစပါတယ်။






ပြီးတာနဲ့  Reboot လုပ်ပြီး Solaris OS တက်လာပါပြီ။ Entire Distribution ကို Installed လုပ်ထားတဲ့အတွက် X-Windows (GUI) ကိုပါ install လုပ်ပါတယ် ပြီးတော့ default အနေနဲ့ runlevel 3 (multi-user-server) နဲ့ တက်ပါတယ်။ ပြီးတော့ GUI က
Default Enable ဖြစ်နေ တဲ့အတွက် GUI နဲ့ တက်ပါလိမ့်မယ်။ 


Solaris 10 ရဲ့  Default Shell က Bourne Shell ပါ။ Linux လို BASH မဟုတ်ပါဘူး။ ဒါပေမယ့် Bash3.2 က installed လုပ်ပြီးသားဖြစ်ပါတယ်။ လိုချင်တဲ့အချိန်ခေါ်သုံးလို့ ရပါတယ်။

Solaris 10 ရဲ့ GUI က JDS (Java Desktop System) ပါ။ CDE (Command Desktop Environment) ပြောင်းသုံးချင်လည်းရပါတယ်။ Linux တော်တော်များများမှာ ပုံသေပါတဲ့ Gnome တို့  KDEတို့ နဲ့ နဲနဲ ကွဲပါလိမ့်မယ်။

Java Desktop System

CDE (Common Desktop Environment)


GUI ကို Disable လုပ်ချင်တယ်ဆိုရင် Service Command ထဲကနေလုပ်လို့ ရပါတယ်။  

svcadm disable cde-login #To Disable
svcadm enable cde-login #To Enable

ဒါမှမဟုတ် Desktop Config Command ထဲကနေလည်း လုပ်လို့ ရပါတယ်။ ဒီနည်းကတော့ နောက်တကြိမ် Reboot လုပ်မှ effect ဖြစ်မှာဖြစ်ပြီး၊ ပထမနည်းကတော့ GUI ကို ချက်ချင်းရပ်လိုက်မှာဖြစ်ပါတယ်။

/usr/dt/bin/dtconfig -d  # To Disable
/usr/dt/bin/dtconfig -e # To Enable

User အကောင့်တွေ Profile တွေ Runlevel Start/Stop scripts တွေနဲ့ Cron အကြောင်းတွေကိုတော့နောက်ပို့ စ်တွေမှာပဲဆက်ရေးပါမယ်။





No comments:

Post a Comment