ကျနော် Unix တွေ Linux တွေ ကိုကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါဘူး။ သာမာန်ပဲ အလုပ်လုပ်ရင်းကိုယ် ကြုံခဲ့တဲ့ဟာလေးတွေကို ပြန်ဝေမျှချင်တဲ့စိတ်နဲ့ ရေးဖြစ်သွားတာပါ။
ဒီဘလော့ခ်ကိုရေးဖြစ်တဲ့ အဓိကအကြောင်းကတော့ တချို့ Unix ကို စိတ်ဝင်စားပြီး လေ့လာချင်သူတွေကို ကျနော်သိထားသလောက်ကို ရှဲပေးချင်လို့ ပါ။ မြန်မာပြည် မှာက Linux သင်တန်းတွေရှိပေမယ့် Unix သင်တန်းရယ်လို့ သီးသန့် တော့မတွေ့ မိဘူး။ (ကျနော်မသိတာလည်းဖြစ်ပါလိမ့်မယ်)
ကျနော်လည်း Unix Environment မှာလုပ်တာ တနှစ်ကျော်သာရှိပါသေးတယ်။ အဲဒီတော့ ကျနော့် Unix Skill ကလည်း Basic လောက်မျှသာဖြစ်ပါတယ်။ ကျနော်သိထား သမျှလေးကို မသိသေးတဲ့သူတွေအတွက်ရှဲပေးချင်တဲ့စေတနာကြောင့်ရေးဖြစ်တာပါ။ သိပြီးသား သူတွေအတွက်တော့ကျနော် ရေးထားတာတွေဟာ ကလေးအဆင့်ပဲရှိမှာပါ။
Linux ကို ၃နှစ်ကျော်လောက်ထိတွေ့ ခဲ့ဖူးတော့ Solaris ကိုစတွေ့ တဲ့အခါမှာသိပ်တော့မစိမ်းခဲ့ဘူး။ ဒါပေမယ့်တချို့ အပိုင်းလေးတွေကျတော့ ကွဲပြားတယ်။ ဥပမာ Linux မှာဆိုရင် runlevel 5 မှာ Multi User GUI ဖြစ်ပြီးတော့ Solaris မှာကျတော့ runlevel 5 ဆိုရင် halt ဖြစ်နေတာမျိုးပေါ့။ ဒါပေမယ့် ကျနော့်အမြင် Unix ဒါမှမဟုတ် Linux Distro တခုခုကို Administration လုပ်တတ်ပြီဆိုရင် ဘာ *.nix ပဲဖြစ်ဖြစ် Admin လုပ်ဖို့ သိပ်မခက်တော့ဘူး။ ဒီမှာတင်ထားတဲ့ပို့ စ်လေးတွေကို Linux အခြေခံရှိပြီးသားသူတွေ အတွက်ရည်ရွယ်ပါတယ်။ မရှိသေးတဲ့သူတွေလည်းဖတ်ပြီးနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဘ၀တလျှောက်လုံးထိတွေ့ ဆက်ဆံလာခဲ့ဘူးသမျှ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုဂါရ၀ပြုလျှက်.....

No comments:
Post a Comment