ပထမဆုံးအကြိမ် Solaris 10 ကို login ၀င်တဲ့အခါ default shell က bourne shell ဖြစ်ပါတယ်။ Default Shell အဖြစ် bash (Bourne Again Shell) ကိုလိုချင်ရင်တော့ /etc/passwd ထဲမှာပြောင်းယူနိုင်ပါတယ်။
passwd ဖိုင်ထဲမှာ user configuration ကို ဒီလိုမျိုး တွေ့ ရမှာပါ။
root - ဒါကတော့ User Name ပါ။
x - ဒီဟာကတော့ User ရဲ့ Password ဟာ Encrypt လုပ်ထားတယ်ဆိုတာကိုပြတာပါ။
0 - ဒီဟာကတော့ UID (User ID)ပါ။
0 - ဒီဟာကတော့ GID (Group ID) ပါ။ (GID /etc/group)
Super-User - ဒီဟာကတော့ Description ပါ။
/ - ဒီဟာကတော့ Home Directory ပါ။ login ၀င်ဝင်ချင်းဒီ နေရာကိုရောက်မှာပါ။
/sbin/sh - ဒီဟာကတော့ Default Shell ပါ။
login shell ကို /bin/bash လို့ ပြောင်းလိုက် ရင် bash shell ကို Default Shell အနေနဲ့ ရမှာပါ။ တခြား shell တွေ ဥပမာ korn shell လို မျိုးလိုချင်ရင် /bin/ksh လို့ ပြောင်းလိုက်ရင်ရပါလိမ့်မယ်။ bash မှာ တော့ command completion ကို နဲ့ လုပ်လို့ ရတာကြောင့်ရော တွေကိုသွားရင် အဆင်ပြေတာကြောင့်မို့ လူကြိုက်များလေ့ရှိပါတယ်။ ဒါပေမယ့် Unix Administrator တော်တော်များများ ကတော့ Super User နဲ့  bash shell ကို သုံးလေ့မရှိကြဘူး။ command အမှားတခုကို လွယ်လွယ်ကူကူနဲ့  issue လုပ်မိ လိုက်နိုင်တဲ့အတွက်ကြောင့်ပါ။
root:x:0:0:Super-User:/:/sbin/sh

No comments:
Post a Comment