Pages

Wednesday, 16 January 2013

OpenCMS (Java CMS)

သာမန်သုံးနေကျ PHP CMS တွေထက် security ပိုင်းမှာပိုသာပါလိမ့်မယ်။ OpenCMS ဟာ Java Application ဖြစ်တဲ့အတွက် Apache Tomcat, JBoss, BEA WebLogic, IBM Websphere စတဲ့ Java Application server တွေနဲ့  run လို့ ရပါတယ်။ Database အနေနဲ့ လည်း common ဖြစ်တဲ့ Oracle, Sybase ASE, MySQL တို့ နဲ့  compact ဖြစ်ပါတယ်။ ဒီ tutorial မှာတော့ MySQL ရယ် Tomcat ရယ် နဲ့ ဘဲ သုံးထားပါတယ်။  ပထမဦးဆုံး MySQL ကို install လုပ်ပါမယ်။ အသေးစိတ် installation ကိုတော့ နောက် မှဘဲ MySQL Installation on Solaris 10 ဆိုတဲ့ post မှဘဲရေးပါ့မယ်။  MySQL install လုပ်ပြီးရင် set global max_allowed_packet=3354432; ဆိုပြီး maximum allow packet ကို ပြောင်းပေးပါ။ (/etc/my.cnf ထဲမှာပြောင်းပြီး mysql ကို restart လုပ်ပေးလဲရပါတယ်) OpenCMS က maximum allow packet 16MB  အနဲဆုံးလိုပါတယ်။


 ပြီးရင် tomcat ကို download လုပ်ပြီး extract လုပ်ပါ။ openCMS ကို http://www.opencms.org/en/download/opencms.html ကနေ download လုပ်ပါ။ ပြီးရင် tomcat extract လုပ်ထားတဲ့ path ကို CATALINA_HOME ဆိုပြီး variable assign လုပ်ပါ။ JDK ကိုလည်း JAVA_HOME ဆိုပြီး variable assign လုပ်ပါ။ (Solaris 10 မှာတော့ ကျနော် default JDK နဲ့ ဘဲသုံးထားပါတယ်။)

OpenCMS ကို extract လုပ်ပြီးရင် opencms.war ကို CATALINA_HOME/webapps ရဲ့ အောက်ကို extract လုပ်ပေးပါ။ ပြီးရင် tomcat ကိုစလို့ ရပါပြီ။ CATALINA_HOME/bin/startup.sh ကို စပေးလိုက်ရင်ရပါပြီ။



 ပြီးရင် tomcat host ရဲ့ IP နဲ့ browser ကနေ access လုပ်ပြီး WebUI ကနေ setup လုပ်ရင်ရပါပြီ။
http://192.168.56.5:8080/opencms/setup/




ပြီးရင် database information တွေထည့်ပေးပါမယ်။ (ကျွန်တော်ကတော့ root access မပေးဘဲ သီးသန့် အကောင့်တခုဖွင့် schema တခု create လုပ်ပြီး grant access လုပ်ပေးထားပါတယ်။)





 ပြီးရင် Continue ဆက်လုပ်ပါမယ်။





Continue နဲ့ ဆက်သွားပြီးရင်တော့ opencms ရဲ့  modules တွေ ကို import လုပ်ပါလိမ့်မယ်။


Import process ပြီးသွားပါပြီ။
http://192.168.56.5:8080/opencms/opencms ကနေပြီး access လုပ်လို့ ရပါပြီ။




Administration အတွက် http://192.168.56.5:8080/opencms/opencms/system/login ကနေ access လုပ်လို့ ရပါတယ်။




(URL context ကို  / ရဖို့ အတွက် reverse proxy သုံးမှဘဲအဆင်ပြေပါလိမ့်မယ်။)

Tomcat port setting တွေ၊ reverse proxy သုံးမယ် ဆိုရင် proxy settings တွေကို configure လုပ်ဖို့ ကတော့ CATALINA_HOME/conf/server.xml ထဲမှာပြောင်းနိုင်ပါတယ်။
(Reverse Proxy Server အနေနဲ့  Oracle iPlanet ဒါမှမဟုတ် nginx တို့ apache တို့ ကိုလည်း သုံးနိုင်ပါတယ်။)

tomcat server.xml file ထဲက Connector tag example ပါ။

<Connector port="8081" protocol="HTTP/1.1"
               connectionTimeout="20000"

                proxyPort="80"/>

SSL ကတော့ ကိုယ်သုံးမယ့် reverse proxy ပေါ်မှာပဲ run နိုင်ပါတယ်။


Saturday, 15 December 2012

Perl Script အခြေခံ

Unix/Linux Admin တွေအနေနဲ့ Shell Script တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တချို့ Automation Script တွေမှာ Perl, Python,  Awk အစရှိသဖြင့် တခြား Programming Language တွေ ရောပြီးအသုံးပြုရတာမျိုးတွေရှိပါတယ်။ အခုအောက်မှာ နမူနာပေးထားတာ ကတော့ ကျနော်ရေးထားတဲ့ Perl Script တခုဖြစ်ပါတယ်။ အကုန်လုံးကို Perl command တွေချည်း သုံးထားတာ မဟုတ်ဘဲ Shell command တွေကိုပါ ရောသုံးထားပါတယ်။ scp process တို့  unzip လုပ်တဲ့နေရာတို့ မှာပါ။ unzip တို့ scp တို့ ကို Perl command တွေချည်းသုံးချင်ရင် သက်ဆိုင်ရာ Perl Module တွေ install လုပ်ရမှာဖြစ်လို့  အခုလိုမျိုး shell command တွေကိုသုံးထားတာပါ။

အခု script ကတော့ java web application တခုကို svn server ကနေ copy ကူးပြီး deploy လုပ်တဲ့ script ဖြစ်ပါတယ်။ Deploy လုပ်မယ့် file ပေါ်မူတည်ပြီး statement တွေကို ထပ်ထည့်သွားလို့ ရတယ်။ 
အောက်က ဖိုင်မှာတော့ Deploy လုပ်မယ့် file တခုတည်းအနေနဲ့ ပြထားတယ်။


1:  #!/usr/bin/perl  
2:  # Deployment Script --WH (UPDATED 14NOV2012)  
3:  # Define the Directory Path below.  
4:  use File::Path;  
5:  $target = "/opt/weblogic/tmp";  
6:  $host = 'root@svn-host-ip:';  
7:  $checkout = "/opt/checkout/";  
8:  $today = `date '+%Y%m%d'`;  
9:  $appdir = "/opt/weblogic/deploy/ROOT";  
10: sub process_scp();  
11: sub extract_file();  
12: sub menu();  
13: sub do_exit();  
14: system ('clear');  
15: menu ();  
16: sub menu() {  
17: print <<"MENU";  
18: %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%  
19:    Deploy script $today  
20:           1.Web Application Deploy  
21:           2.Exit  
22:    Choose which number you want to deploy  
23: %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%  
24: MENU  
25: $number = <>;  
26: chomp ($number);  
27: if ($number eq "1") {  
28:      unlink(<$target/ROOT*>);  
29:      &process_scp("ROOT*");  
30:      extract_file();  
31:  } elsif ($number eq "2") {  
32:       do_exit();  
33:  } else {  
34:      menu();  
35:      print "Please enter the valid input\n";  
36:  }  
37:  }  
38:  sub process_scp() {  
39:  system ('scp ' . "$host" . "$checkout" . "@_" . " $target");  
40:  print "Copied @_ to $target\n";  
41:  }  
42:  sub extract_file() {  
43:  for ($number) {  
44:  if (($number) eq "1") {  
45:  print "Deploying Web Application\n";  
46:  rmtree([$appdir]);  
47:  mkdir $appdir;  
48:  system ('unzip' . " $target/ROOT* " . ' -d ' . $appdir);  
49:  print "Web Application Deployed!\n";  
50:  menu();  
51:  } else {  
52:  print "invalid input!\n";  
53:  menu();  
54:  }  
55:  }  
56:  }  
57:  sub do_exit(){  
58:  print "Exiting...\n";  
59:  return;  
60:  } 


Line နံပါတ် ၁ ကတော့ perl နဲ့ run မယ့် script ဆိုပြီးပြောထားတာပါ။
Line နံပါတ် ၂ နဲ့  ၃ ကတော့ comment ပါ။
Line နံပါတ် ၄ က File::Path ဆိုတဲ့ Module ကိုသုံးမယ်ဆိုပြီး ပြောထားတာပါ။
Line နံပါတ် ၅ ကနေ ၉ အထိက variables တွေ ကြေငြာထားတာပါ။
Line နံပါတ် ၁၀ ကနေ ၁၃ အထိက sub routines တွေကြေငြာထားတာပါ။
Line နံပါတ် ၁၄ ကတော့ system command ဖြစ်ပြီး screen ပေါ်က cache တွေကို clear လုပ်မှာဖြစ်ပါတယ်။
Line နံပါတ် ၁၅ ကတော့ menu ဆိုတဲ့ sub routine ကို သုံးမယ်လို့ ပြောထားတာပါ။
Line နံပါတ် ၁၆ ကနေ ၃၇ ထိက menu ဆိုတဲ့ sub routine.
Line နံပါတ် ၁၇ ကနေ ၂၄ ထိက  MENU ကို print ထုတ်တာပါ။
Line နံပါတ် ၂၅ က User ရိုက်ထည့်မယ့် နံပါတ်ကို $number ဆိုတဲ့ variable အဖြစ်သတ်မှတ်ပေးတာပါ။
Line နံပါတ် ၂၆ ကတော့ လက်ခံထားတဲ့ input ကနေ newline character တွေကိုဖယ်ထုတ်ပေးတာပါ။
Line နံပါတ် ၂၇ ကနေ ၃၆ ထိကတော့ if else statement ပါ။
input က 1 ဖြစ်ခဲ့ရင် line နံပါတ် ၂၈ ၊ ၂၉ ၊ ၃၀ တို့ ကို execute လုပ်ပါမယ်။
Line နံပါတ် ၂၈ ကတော့ ဖိုင်ဖျက်တာပါ။ copy လုပ်မဲ့ destination မှာ version အဟောင်းနဲ့ ဖိုင်ရှိခဲ့ရင် ကြိုဖျက်ထားတာပါ။
extract လုပ်ရင် wildcard name နဲ့ လုပ်မှာဖြစ်လို့  ဖိုင် ၂ ဖိုင်ဖြစ်နေရင် error ဖြစ်သွားနိုင်လို့ ပါ။
Line နံပါတ် ၂၉ ကတော့ process_scp ဆိုတဲ့ sub routine ကို ROOT* ဆိုတဲ့ wildcard file name argument နဲ့  execute လုပ်မှာပါ။
Line နံပါတ် ၃၀ ကတော့ extract_file ဆိုတဲ့ sub routine ကို execute လုပ်မှာပါ။
Line နံပါတ် ၃၁ မှာတော့ အကယ်၍ input က 2 ဖြစ်ခဲ့ရင် Line နံပါတ် ၃၂ မှာရေးထားတဲ့ အတိုင်း do_exit ဆိုတဲ့ sub routine ကို execute လုပ်မှာပါ။
Line နံပါတ် ၃၃ မှာတော့ အကယ်၍ input က 1 သို့ မဟုတ် 2 မဟုတ်ဘူး ဆိုရင် Line နံပါတ် ၃၄ မှာရေးထားတဲ့အတိုင်း menu ဆိုတဲ့ sub routine ကို ပြန်ခေါ်မှာပါ။ (Looping ဖြစ်သွားတဲ့သဘောပါ။)
ပြီးရင် Line နံပါတ် ၃၅ မှာပြထားတဲ့အတိုင်း Please Enter the valid input ဆိုပြီး print ထုတ်ပေးမှာပါ။
Line နံပါတ် ၃၈ ကနေ ၄၁ အထိကတော့ process_scp ဆိုတဲ့ sub routine ဖြစ်ပါတယ်။
Line နံပါတ် ၃၉ ကတော့ shell command ဖြစ်ပြီး scp location-of-source-file destination-folder ဆိုတဲ့ command context ကို သက်ဆိုင်ရာ variables value တွေနဲ့ အစားထိုးပြီး execute လုပ်မှာပါ။
Line နံပါတ် ၄၂ ကနေ ၅၆ အထိကတော့ extract_file ဆိုတဲ့ sub routine ဖြစ်ပါတယ်။
Line နံပါတ် ၄၃ ကတော့ menu မှာတုန်းက key-in လုပ်ခဲ့တဲ့ $number ဆိုတဲ့ variable ကိုပြန်ခေါ်ထားတာဖြစ်ပါတယ်။
Line နံပါတ် ၄၄ ကတော့ အကယ်၍ $number ရဲ့ value ဟာ 1 ဖြစ်ခဲ့ရင် Line နံပါတ် ၄၅ ကနေ ၅၀ အထိကို execute လုပ်သွားမှာပါ။
Line နံပါတ် ၄၅ ကတော့ Deploying Web Application ဆိုတဲ့စာသားကို print ထုတ်ပေးမှာဖြစ်ပါတယ်။
Line နံပါတ် ၄၆ ကတော့  $appdir ဆိုတဲ့ Web Application's deployed folder နဲ့  အောက်မှာရှိတဲ့ contents တွေကို ဖျက်ပေးမှာဖြစ်ပါတယ်။
Line နံပါတ် ၄၇ ကတော့ $appdir ကိုပြန် create လုပ်မှာဖြစ်ပါတယ်။
Line နံပါတ် ၄၈ ကတော့ ခုနက scp နဲ့ ကူးထားခဲ့တဲ့ application.war file ကို $appdir ထဲကို extract လုပ်ပေးမှာဖြစ်ပါတယ်။
Line နံပါတ် ၄၉ ကတော့ Web Application Deployed ဆိုတဲ့စာသား ကို print လုပ်မှာဖြစ်ပါတယ်။
Line နံပါတ် ၅၀ ကတော့ menu ဆိုတဲ့ subroutine ကိုပြန်ခေါ်သုံးထားတာပါ။
Line နံပါတ် ၅၁ ကတော့ အကယ်၍ ရဲ့ value က 1 မဟုတ်ခဲ့ရင် Line နံပါတ် ၅၂ ကနေ Invalid input ဆိုပြီး print ထုတ်မှာဖြစ်ပြီး
Line နံပါတ် ၅၃ ကနေ sub routine menu ကိုပြန်ခေါ်ပေးမှာဖြစ်ပါတယ်။
Line နံပါတ် ၅၇ ကနေ ၆၀ ကတော့ do_exit ဆိုတဲ့ sub routine ဖြစ်ပြီး Line နံပါတ် ၅၈ ကနေ Exiting ဆိုပြီး print ထုတ်မှာဖြစ်ပါတယ်။ ပြီးရင် Line နံပါတ် ၅၉ က return command နဲ့ program ကို quit လုပ်ပေးမှာပါ။

Wednesday, 12 December 2012

Shell Scripts များ

Shell Scripts တွေအကြောင်း ရှင်းရရင်တော့ တပုံကြီးပါ။ ကိုယ်တိုင်စာအုပ်ဖတ်ကြည့်မှ ပဲတော်တော် များများ အကြောင်းကို တီးမိခေါက်မိ ရှိနိုင်ပါ့မယ်။ အခုဒီမှာနမူနာပြထားတာကတော့ Java Process တခုရဲ့ Performance ကို jstat , jmap , နဲ့  jstack ဆိုတဲ့ Java command ၃ခုကို သုံးပြီး Monitor လုပ်ရာမှ ရလာတဲ့ result ကို mail နဲ့ ပြန် ပို့ ပေးမှာပါ။ Java process တွေရဲ့ PID ကို သိအောင်လုပ်တဲ့နေရာမှာ unix command (ဥပမာ ps -ef လိုမျိုး) ကိုအသုံးမပြုဘဲ jps ဆိုတဲ့ Java command ကိုသုံးထားပါတယ်။


ဒီနေရာမှာ အဓိကပြောချင်တာက script ရဲ့ အလုပ်လုပ် ပုံသာဖြစ်ပြီး Java အကြောင်း မဟုတ်ပါ။
ကျနော်ကိုယ်တိုင်လည်း Java ကျွမ်းကျင်သူတယောက်မဟုတ်ပါ။ ဒီ နမူနာပေးထားတဲ့ script ကတော့ ကျနော် ကိုယ်တိုင်ရေးထားတာ ဖြစ်လို့ ဘယ်သူမဆို အသုံးတည့်မည်ဆိုရင် လိုအပ်သလို ပြန်ပြင်ပြီးသုံးနိုင်ပါတယ်။

script နှစ်ခုကို ရေးထားပြီး တခုကနေ တခုကိုခေါ်သုံးတဲ့ပုံစံပါ။ တစ်ကယ်တော့ JVM တခုထဲကို လုပ်မယ်ဆိုရင် ဒီတခုထဲနဲ့ တင်ရပါတယ်။ JVM ၂ ခု ဒါမှမဟုတ် ၂ ခုထက်ပိုခဲ့မယ်ဆိုရင် အခုပြထားတဲ့ example ထဲကလိုသုံးမှ အဆင်ပြေနိုင်မှာပါ။ အခုပြထားတဲ့ ဥပမာမှာ jvmlog.sh နဲ့ vm.sh တို့ ကို folder တခုအောက်မှာထားပြီး jvmlog.sh ကို execute လုပ်လိုက်တာနဲ့ vm.sh ကို ခေါ်သုံးသွားမှာပါ။

အောက်က script ကို jvmlog.sh ဆိုပြီး နာမည်ပေးထားပါတယ်။

 #!/bin/sh  
 JDK_32=/usr/jdk/instances/jdk1.6.0/bin  
 echo "Logging JVM for Jgroup ..."  
 /opt/jvmlog/vm.sh `${JDK_32}/jps | grep -v Jps | awk {'if($2=="GossipRouter") print $1, $2 '}`  


#!/bin/sh ဆိုတာ shell နဲ့ run မည့်ဖိုင်ဆိုပြီး ညွန်းထားတာဖြစ်ပါတယ်။

JDK_32=/usr/jdk/instances/jdk1.6.0/bin ဆိုတာ JDK Path ကို ကြေငြာထားတဲ့ variable ဖြစ်ပါတယ်။

echo ဆိုတာကတော့ shell ရဲ့ print ထုတ်တဲ့ command ဖြစ်ပြီး နောက်က " " ထဲမှာရှိတဲ့စာသားကို print ထုတ်ပေးမှာဖြစ်ပါတယ်။

/opt/jvmlog/vm.sh ဆိုတဲ့ script ကိုသွား run ပေးမှာပါ။ နောက်က `` ထဲက value က output ၂ခု ထုတ်ပေးမှာဖြစ်ပြီး အဲဒီ output ကို vm.sh ဆိုတဲ့ script ထဲမှာ အသုံးပြုမှာပါ။

${JDK_32}/jps commandကို run လိုက်ရင် ရှိသမျှ Java process တွေရဲ့ PID နဲ့ class name တွေ ထွက်လာမှာပါ။

grep -v Jps ဆိုတာက အခု run လိုက်တဲ့ jps ရဲ့ process ကို output ထဲကနေ remove လုပ်လိုက်တာပါ။

awk {'if($2=="GossipRouter") print $1, $2 '} ကတော့ GossipRouter ဆိုတဲ့ Class name ရှိတဲ့ process ရဲ့ PID နဲ့ class name ကို output ၂ ခုအနေနဲ့ ထုတ်တာပါ။ ဒီနေရာမှာ awk ကိုမသုံးဘဲ တခြား shell command  တွေ (ဥပမာ cut , sed လိုမျိုး) တွေကိုသုံးလည်းရပါတယ်။



အောက်က script ကို vm.sh ဆိုပြီး နာမည်ပေးထားပါတယ်။  

 #!/bin/sh  
 SERVER=10.65.0.84  
 JDK_32="/usr/jdk/instances/jdk1.6.0/bin"  
 ROOTDIR="/opt/jvmlog"  
 DATE=`date "+%Y-%m-%d-%H:%M"`  
 RECP="myname@mydomain.com"  
 SNDR="myname@mydomain.com"  
 mkdir -p $ROOTDIR/logs/$2  
 LOGDIR=$ROOTDIR/logs/$2  
 JMAPEND=$LOGDIR/"jmap_"$DATE".log"  
 JSTACKEND=$LOGDIR/"jstack_"$DATE".log"  
 JSTATEND=$LOGDIR/"jstate_"$DATE".log"  
 WORKFILE=/tmp/fxspacelog.txt  
 ${JDK_32}/jmap -histo:live $1 > $JMAPEND  
 echo "Jmap Log for $2 $DATE on ${SERVER}" > ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JMAPEND >> ${WORKFILE}  
 sleep 2  
 ${JDK_32}/jstack -l $1 > $JSTACKEND  
 echo >> ${WORKFILE}  
 echo "Jstack Log for $2 $DATE on ${SERVER}" >> ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JSTACKEND >> ${WORKFILE}  
 sleep 2  
 ${JDK_32}/jstat -gcutil -t -h20 $1 1000 20 >> $JSTATEND  
 echo >> ${WORKFILE}  
 echo "Jstat Log for $2 $DATE on ${SERVER}" >> ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JSTATEND >> ${WORKFILE}  
 mailx -r ${SNDR} -s "Java Log for $2 $DATE on ${SERVER}" ${RECP} < ${WORKFILE}  


#!/bin/sh ဆိုတာ shell နဲ့ run မည့်ဖိုင်ဆိုပြီး ညွန်းထားတာဖြစ်ပါတယ်။
SERVER ကနေပြီး WORKFILE ဆိုတဲ့အထိက variables များကြေငြာထားတာဖြစ်ပါတယ်။ 
ဒီ script ကို run ရင်နောက်ကနေ input နှစ်ခုထည့်ပေးရမှာဖြစ်ပါတယ်။ ပထမ input ($1) ကတော့ JVM ရဲ့ PID ဖြစ်ပြီး။ ဒုတိယ input ($2) ကတော့ သူ့ ရဲ့ class name ဖြစ်ပါတယ်။

${JDK_32}/jmap -histo:live $1 > $JMAPEND
${JDK_32}/jmap ဆိုတာက jmap command ကိုခေါ်တာဖြစ်ပြီး၊ -histo:live ဆိုတာကသူ့ ရဲ့ switch ပါ။ $1 ကတော့ PID number ဖြစ်ပြီး၊ > sign ကတော့ output ကို $JMAPEND ဆိုတဲ့ဖိုင်ထဲကို redirect လုပ်သွားဖို့ ပါ။

echo "Jmap Log for $2 $DATE on ${SERVER}" > ${WORKFILE}
သက်ဆိုင်ရာ variable တွေရဲ့ value နဲ့  စာကြောင်း ကို ${WORKFILE} ထဲကို write ပါလိမ့်မယ်။

echo >> ${WORKFILE}
blank လိုင်း တခုကို print ထုတ်ပြီး ${WORKFILE} ထဲကို append လုပ်လိုက်တာပါ။

cat $JMAPEND >> ${WORKFILE}
$JMAPEND ထဲက log တွေကို ${WORKFILE} ထဲကို append လုပ်လိုက်တာပါ။

sleep 2
၂ စက္ကန့် လောက် ခဏနားနေတာပါ။

ပြီးရင် jstat နဲ့ jmap လည်းသူတို့ သက်ဆိုင်ရာ command တွေ switch တွေသုံးပြီး အလုပ်လုပ်ပါလိမ့်မယ်။ အားလုံးပြီးသွားရင်ရှိသမျှ log တွေက ${WORKFILE} ထဲမှာ ရေးထားပြီးသားဖြစ်နေပါလိမ့်မယ်။

mailx ကတော့ e-mail ပို့ တဲ့ shell command ဖြစ်ပါတယ်။ သက်ဆိုင်ရာ variable တွေရဲ့ value တွေကိုသုံးပြီး ပို့ သွားမှာဖြစ်ပါတယ်။ Message Body အနေနဲ့  ${WORKFILE} ကိုအသုံးပြုမှာဖြစ်ပါတယ်။


Friday, 17 August 2012

Runlevel Scripts သို့ မဟုတ် StartUp Scripts များ

Solaris 10 မှာ အခု Default Runlevel သုံးထားတာက runlevel 3 ဖြစ်တဲ့အတွက် Startup ဖိုင် တွေကို /etc/rc3.d/ အောက်မှာထားပေးရပါမယ်။ Script တွေကို Linux မှာလိုပဲ S အကြီး နဲ့ စပေးပြီး ဂဏန်းနဲ့ တွဲပေးထားပါတယ်။ ဥပမာ S98.mysql တို့ S99.openfire တို့ လိုမျိုးပါ။  File name ကိုတော့ကိုယ့်စိတ်ကြိုက်ပေးထားလို့ ရပါတယ်၊ သတိပြုရမှာကတော့ S အကြီးနဲ့ စပြီး ဂဏန်းနဲ့ တွဲထားဖို့ ပါ။  နောက် ကဂဏန်းတွေပေါ်မူတည်ပြီး OS က အစဉ်လိုက် Execute လုပ်သွားမှာဖြစ်ပါတယ်။ အခုပုံစံမှာဆို ရင် MySQL ကို အရင်စပြီး တော့မှ Openfire ကိုစမှာဖြစ်ပါတယ်။ 98 ကို အရင်စပြီးမှ 99 ကိုစတယ်ဆိုတဲ့သဘောပါ။

ဒီဟာကတော့ S99.openfire နမူနာပါ။

 #!/bin/sh  
 RUNIN=/opt/openfire  
 RUNAS=openfire  
 case "$1" in  
 'start')  
     echo "Starting OpenFire server..."  
     su $RUNAS -c 'cd $RUNIN && ./start-openfire.sh'  
         ;;  
 'stop')  
     echo "Stoping OpenFire server..."  
     su $RUNAS -c 'cd $RUNIN && ./stop-openfire.sh'  
         ;;  
 *)  
     echo "Usage: $0 { start | stop }"  
     exit 1  
        ;;  
        esac  
        exit 0  

တလိုင်းချင်း ပြန်ရှင်းပြရမယ်ဆိုရင် #!/bin/sh ဆိုတာ Bourne Shell နဲ့ ဒီ Script ကို Execute လုပ်မယ်လို့ ပြောတာပါ။ ဒီနေရာမှာ Bash Shell နဲ့ လုပ်ချင်တယ်ဆိုရင် #!/bin/bash လို့ ပြောင်းပေးလိုက်ရင်ရပါတယ်။

RUNIN=/opt/openfire ဆိုတာက RUNIN ဆိုတဲ့ variable ကိုကြေငြာတာပါ။ သူ့ ရဲ့ value က /opt/openfire ပါ။

RUNAS=openfire ဆိုတာက လည်း RUNAS ဆိုတဲ့ variable ကိုကြေငြာတာဖြစ်ပြီး သူ့ ရဲ့value ကတော့ openfire ဆိုတာဖြစ်ပါတယ်။

case "$1" in ဆိုတာကတော့ ဒီနေရာမှာ $1 ရဲ့ value ကို ထည့်ပြီးစဉ်းစားမှာဖြစ်ပါတယ်။

'start') ဆိုတာ $1 ရဲ့ value ဟာ start ဖြစ်ခဲ့ရင် ဒီနေရာကနေစပြီး ;; ဆိုတဲ့နေရာအထိကို execute လုပ်မှာဖြစ်ပါတယ်။

su $RUNAS -c  ဆိုတာ user ပြောင်းပါမယ်။ ဒီနေရာမှာ RUNAS ရဲ့ value က openfire ဆိုတဲ့အတွက် openfire ဆိုတဲ့ user ပြောင်းပြီး နောက်က ' xxxxx' ထဲမှာရှိတဲ့ command ကို execute ဆက်လုပ်ပါလိမ့်မယ်။ 'cd $RUNIN && ./start-openfire.sh' ဆိုတော့ RUNIN ရဲ့ value ဖြစ်တဲ့  /opt/openfire ထဲကို ၀င်ပြီး start-openfire.sh ဆို တဲ့ script ကို execute လုပ်မှာဖြစ်ပါတယ်။
အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ openfire ကို root အနေနဲ့ မ run ချင်လို့ openfire ဆိုတဲ့ user ကိုပြောင်းပြီး run လိုက်တာပါပဲ။

ဒီလိုဆိုရင် stop case ကိုလည်းသဘောပေါက်မှာပါ။ ဒီအတိုင်းပါပဲ။ start-openfire.sh နေရာမှာ stop-openfire.sh ဆိုတာလေးပဲပြောင်းသွားတာပါ။

*) ကတော့ $1 နေရာမှာ start သို့ မဟုတ် stop မဟုတ်ဘူးဆိုရင် ဒီ case ထဲကိုဝင်သွားပါပြီ။ အဲဒီအခါကျရင်တော့ Usage ဟာ start သို့ မဟုတ် stop နဲ့ တွဲသုံးရပါမယ် ဆိုပြီး print ထုတ်ပေးပါလိမ့်မယ်။


ဒီ script ကအခြေခံ လေးတစ်ခုပါပဲ။ ကိုယ်လိုချင်တဲ့ပုံစံကို case ပေါင်းစုံနဲ့ ရေးလို့ ရပါတယ်။


reboot သို့ မဟုတ် halt command တွေလုပ်တိုင်းဒီ script ကို execute လုပ်သွားမှာဖြစ်ပါတယ်။ shutdown ဒါမှမဟုတ် init command တွေနဲ့  သုံးတဲ့အခါမှာ အဆင်ပြေဖို့ အတွက်ဆိုရင် တော့ /etc/rc0.d/ အောက်မှာ ဒီ script ကိုပဲ K99.openfire ဆိုတဲ့နာမည်နဲ့ ထားပေးရပါမယ်။

များသောအားဖြင့်တော့ ဒီ script တွေကို သူ့ ရဲ့  Parent Directory အောက်မှာပဲထားလေ့ရှိပြီး /etc/rc3.d/ တို့  /etc/rc0.d/ တို့ အောက်ကို symbolic link အနေနဲ့ ပဲထားကြပါတယ်။ ဒါမှ တခုခု ပြောင်းချင်တဲ့အခါ တိုင်း centralize ဖြစ်ပြီးအဆင်ပြေမှာပါ။

Thursday, 16 August 2012

Solaris Disk Mirror ပြုလုပ်ခြင်း

အရင် Solaris version တွေဖြစ်တဲ့ 8 တို့  9 တို့ မှာတော့ DiskSuite ကိုသီးသန့် တင်ပေးရတယ်။ Solaris 10 မှာတော့ကျနော် Entire Distribution ကို Install လုပ်ထားတဲ့အတွက် DiskSuite တင်စရာမလို တော့ဘူး။ အခုဒီကျူတိုရီရယ် ကိုလုပ်ဖို့ အတွက် ခုနက Solaris 10 တင်ထားတဲ့ Virtual Machine ကို Shutdown လုပ် လိုက်ပြီး HDD နောက်တလုံး ထပ်ထည့်လိုက်ပါမယ်။ HDD ဆိုဒ်ချင်းတော့တူရမယ်။

မူလရှိနေတာက Disk 1 ပေါ့။ အခုထပ်ထည့်လိုက်တာက Disk 2 ပါ။ OS ပေါ်မှာတော့ အခုလိုမျိုး c0t0d0 နဲ့  c0t1d0 ဆိုပြီး ပေါ်ပါလိမ့်မယ်။
Disk 1   : c0t0d0
Disk 2   : c0t1d0

အောက်ကပုံလေးကို သေချာကြည့်လိုက်ရင် Disk Mirroring ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ concept ကို သဘောပေါက်ပါလိမ့်မယ်။ Physical Disk က c0t0d0 နဲ့  c0t1d0 ပါ။ Physical Disk တွေကို Logical Name တွေ Assign လုပ်ပြီး၊ Logical Disk တွေအချင်းချင်း ချိတ်ဆက်ပေးလိုက်တဲ့သဘောပါ။


Primary Disk ရဲ့ Slice 0 ဖြစ်တဲ့ c0t0d0s0 ကို d10 ဆိုပြီး  logical name တခု assign လုပ်ပါတယ်။ Secondary Disk ရဲ့ Slice 0 ဖြစ်တဲ့ c0t1d0s0 ကို d20 ဆိုပြီး  logical name တခု assign လုပ်ပါတယ်။
ပြီးမှ d0 ဆိုတဲ့ logical drive ကို d10 နဲ့ d20 တို့ နဲ့  ချိတ်ဆက်ပေးပါတယ်။့
OS ရဲ့ vfstab ထဲမှာ လက်ရှိ အသုံးပြုနေတဲ့ c0t0d0s0 အစား d0 ကို  သုံးမယ်ဆိုပြီး ပြောင်းပေးလိုက်ပါတယ်။

ပထမဆုံး OS boot တက်လာပြီဆိုရင် devfsadm ဆိုတဲ့ command ကို ရိုက်ပေးလိုက်ပါ။ Device အသစ်တွေကို Loading လုပ်အောင်လို့ ပါ။ ပြီးရင် format ဆိုတဲ့ command ကိုသုံးပြီး Secondary Disk ကို Primary Disk နဲ့ တူအောင် Partition တွေပိုင်းပေးပါမယ်။

 # format  
 Searching for disks...done  
 AVAILABLE DISK SELECTIONS:  
     0. c0t0d0 <DEFAULT cyl 2607 alt 2 hd 255 sec 63>  
      /pci@0,0/pci8086,2829@d/disk@0,0  
     1. c0t1d0 <DEFAULT cyl 2608 alt 2 hd 255 sec 63>  
      /pci@0,0/pci8086,2829@d/disk@2,0  
 Specify disk (enter its number):  

1 ကိုရွေးပေးလိုက်ပါ။

 Specify disk (enter its number): 1  
 selecting c0t2d0  
 [disk formatted]  
 FORMAT MENU:  
     disk    - select a disk  
     type    - select (define) a disk type  
     partition - select (define) a partition table  
     current  - describe the current disk  
     format   - format and analyze the disk  
     fdisk   - run the fdisk program  
     repair   - repair a defective sector  
     label   - write label to the disk  
     analyze  - surface analysis  
     defect   - defect list management  
     backup   - search for backup labels  
     verify   - read and display labels  
     save    - save new disk/partition definitions  
     inquiry  - show vendor, product and revision  
     volname  - set 8-character volume name  
     !<cmd>   - execute <cmd>, then return  
     quit  
 format>  

fdisk လို့ ရိုက်ပေးလိုက်ပါ။

 format> fdisk  
 No fdisk table exists. The default partition for the disk is:  
  a 100% "SOLARIS System" partition  
 Type "y" to accept the default partition, otherwise type "n" to edit the  
  partition table.  
 y  
 format>  

partition လို့ ရိုက်ပေးပါ။

 format> partition  
 PARTITION MENU:  
     0   - change `0' partition  
     1   - change `1' partition  
     2   - change `2' partition  
     3   - change `3' partition  
     4   - change `4' partition  
     5   - change `5' partition  
     6   - change `6' partition  
     7   - change `7' partition  
     select - select a predefined table  
     modify - modify a predefined partition table  
     name  - name the current table  
     print - display the current table  
     label - write partition map and label to the disk  
     !<cmd> - execute <cmd>, then return  
     quit  
 partition>  

ပြီးရင် Slice 0, 1,3 နဲ့ 7 တို့ ကို Disk 1 မှာရှိတဲ့ အတိုင်း Partition ပိုင်းပေးပါ။ ဒီနေရာမှာသတိထားရမှာ ဆလင်ဒါ နံပါတ် ကိုမှန်အောင် ပေးဖို့ ပါ။ Slice တခုပိုင်းပြီးတိုင်း ဆုံးတဲ့နံပါတ်ကို print ထုတ်ပြီးကြည့်လို့ ရပါတယ်။


 partition> 0  
 Part   Tag  Flag   Cylinders    Size      Blocks  
  0 unassigned  wm    0        0     (0/0/0)      0  
 Enter partition id tag[unassigned]:  
 Enter partition permission flags[wm]:  
 Enter new starting cyl[0]:  1 ########NOTICE#########
 Enter partition size[0b, 0c, 0e, 0.00mb, 0.00gb]: 7004mb  
 partition> 1  
 Part   Tag  Flag   Cylinders    Size      Blocks  
  1 unassigned  wm    0        0     (0/0/0)      0  
 Enter partition id tag[unassigned]:  
 Enter partition permission flags[wm]:  
 Enter new starting cyl[0]: 894 ##########NOTICE#######
 Enter partition size[0b, 0c, 0e, 0.00mb, 0.00gb]: 2000mb  
 partition> 3  
 Part   Tag  Flag   Cylinders    Size      Blocks  
  3 unassigned  wm    0        0     (0/0/0)      0  
 Enter partition id tag[unassigned]:  
 Enter partition permission flags[wm]:  
 Enter new starting cyl[0]: 1149 ##########NOTICE####### 
 Enter partition size[0b, 0c, 0e, 0.00mb, 0.00gb]: 101mb  
 partition> 7  
 Part   Tag  Flag   Cylinders    Size      Blocks  
  7 unassigned  wm    0        0     (0/0/0)      0  
 Enter partition id tag[unassigned]:  
 Enter partition permission flags[wm]:  
 Enter new starting cyl[0]: 1162 ##########NOTICE####### 
 Enter partition size[0b, 0c, 0e, 0.00mb, 0.00gb]: 11334mb  
 partition>  

ပြီးရင် print ထုတ်ပြီးစစ်ကြည့်ပါ။ အဆင်ပြေပြီဆိုရင် label ဆိုပြီး ရိုက်ပေးလိုက်ပါ။

 partition> print   
 Current partition table (unnamed):   
 Total disk cylinders available: 2607 + 2 (reserved cylinders)   
 Part   Tag  Flag   Cylinders    Size      Blocks  
  0    root  wm    1 - 893    6.84GB  (893/0/0) 14346045  
  1    swap  wu   894 - 1148    1.95GB  (255/0/0)  4096575  
  2   backup  wm    0 - 2606    19.97GB  (2607/0/0) 41881455  
  3 unassigned  wm  1149 - 1161   101.98MB  (13/0/0)   208845  
  4 unassigned  wm    0        0     (0/0/0)      0  
  5 unassigned  wm    0        0     (0/0/0)      0  
  6 unassigned  wm    0        0     (0/0/0)      0  
  7 unassigned  wm  1162 - 2606    11.07GB  (1445/0/0) 23213925  
  8    boot  wu    0 -  0    7.84MB  (1/0/0)    16065  
  9 unassigned  wm    0        0     (0/0/0)      0  
 partition> label    
 Ready to label disk, continue? y    
 partition> quit   


Slice 3 ပေါ်မှာ State Database Replica ကို လုပ်ပါမယ်။ အောက်ပါ အတိုင်းလုပ်ပါ။


metadb –a  -c3 –f /dev/dsk/c0t0d0s3
metadb –a  -c3 –f /dev/dsk/c0t1d0s3

ပြီးရင် Primary Disk မှာရှိတဲ့ Slice တွေအတွက် Logical Disk တွေကို လုပ်ပါမယ်။ အောက်ပါ အတိုင်းလုပ်ပါ။

metainit -f d10 1 1 c0t0d0s0
metainit -f d11 1 1 c0t0d0s1
metainit -f d13 1 1 c0t0d0s1
metainit -f d17 1 1 c0t0d0s7

ပြီးရင် Secondary Disk ကိုလည်း အောက်ပါ အတိုင်းလုပ်ပေးပါ။

   metainit -f d20 1 1 c0t1d0s0
   metainit -f d21 1 1 c0t1d0s1
   metainit -f d23 1 1 c0t1d0s1
   metainit -f d27 1 1 c0t1d0s7

Primary Disk ကို Mirror ချိတ်ပေးပါမယ်။
    
   metainit d0 -m d10
   metainit d1 -m d11
   metainit d3 -m d13
   metainit d7 -m d17


Mirror ချိတ်ပြီးပြီဆို ရင် / partition အတွက် metaroot command ကို run ပေးပါ။ ဒီ command run လိုက်မှ /etc/system အောက်ကတချို့ parameters တွေနဲ့ /etc/vfstab ဖိုင်ထဲမှာ path ကိုချိန်းပါမယ်။
ဒီ command မလုပ်ပေးရခင် reboot လုပ်လိုက်မယ်ဆို OS က boot မတက်တော့ပါဘူး။ အရေးကြီးပါတယ်။

   metaroot d0

ပြီးရင် /etc/vfstab ကို ပြောင်းပေးပါမယ်။ အောက်ပါနမူနာအတိုင်းပြောင်းပေးလိုက်ပါ။ မူလ /dev/dsk/c#t#d#s# နဲ့ /dev/rdsk/c#t#d#s# ကနေပြီး /dev/md/dsk/d#  နဲ့  /dev/md/rdsk/d# ဆိုပြီးပြောင်းပေးလိုက်တာပါ။



 #device     device     mount      FS   fsck  mount  mount  
 #to mount    to fsck     point      type  pass  at boot options  
 #  
 fd   -    /dev/fd fd   -    no   -  
 /proc  -    /proc  proc  -    no   -  
 /dev/md/dsk/d1 -    -    swap  -    no   -  
 /dev/md/dsk/d0 /dev/md/rdsk/d0 /    ufs   1    no   -  
 /dev/md/dsk/d7 /dev/md/rdsk/d7 /opt  ufs   2    yes   -  
 /devices    -    /devices    devfs  -    no   -  
 sharefs -    /etc/dfs/sharetab    sharefs -    no   -  
 ctfs  -    /system/contract    ctfs  -    no   -  
 objfs  -    /system/object objfs  -    no   -  
 swap  -    /tmp  tmpfs  -    yes   -  



ပြီးရင် reboot လုပ်လိုက်ပါ။ ပြန်တက်လာပြီဆိုရင် Secondary Disk နဲ့ Mirror ချိတ်ပေးပါမယ်။
 
metattach d0 d20
metattach d1 d21
metattach d3 d23
metattach d7 d27 


ချိတ်ပြီးသွားပြီဆိုရင်တော့သူ့ ဘာသာသူ Synchronize လုပ်ပါလိမ့်မယ်။ Monitor လုပ်ချင်ရင်တော့ metastat ကိုသုံးပြီးလုပ်လို့ ရပါတယ်။ Resyncing ဆိုပြီးတွေ့ ရမှာပါ။


 # metastat  
 d7: Mirror  
   Submirror 0: d17  
    State: Okay  
   Submirror 1: d27  
    State: Resyncing  
   Resync in progress: 9 % done  
   Pass: 1  
   Read option: roundrobin (default)  
   Write option: parallel (default)  
   Size: 23213925 blocks (11 GB)  
 d17: Submirror of d7  
   State: Okay  
   Size: 23213925 blocks (11 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t0d0s7     0   No      Okay  Yes  
 d27: Submirror of d7  
   State: Resyncing  
   Size: 23213925 blocks (11 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t1d0s7     0   No      Okay  Yes  
 d3: Mirror  
   Submirror 0: d13  
    State: Okay  
   Submirror 1: d23  
    State: Okay  
   Pass: 1  
   Read option: roundrobin (default)  
   Write option: parallel (default)  
   Size: 192780 blocks (94 MB)  
 d13: Submirror of d3  
   State: Okay  
   Size: 192780 blocks (94 MB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t0d0s3   16065   Yes      Okay  Yes  
 d23: Submirror of d3  
   State: Okay  
   Size: 192780 blocks (94 MB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t1d0s3   16065   Yes      Okay  Yes  
 d1: Mirror  
   Submirror 0: d11  
    State: Okay  
   Submirror 1: d21  
    State: Okay  
   Pass: 1  
   Read option: roundrobin (default)  
   Write option: parallel (default)  
   Size: 4096575 blocks (2.0 GB)  
 d11: Submirror of d1  
   State: Okay  
   Size: 4096575 blocks (2.0 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t0d0s1     0   No      Okay  Yes  
 d21: Submirror of d1  
   State: Okay  
   Size: 4096575 blocks (2.0 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t1d0s1     0   No      Okay  Yes  
 d0: Mirror  
   Submirror 0: d10  
    State: Okay  
   Submirror 1: d20  
    State: Resyncing  
   Resync in progress: 7 % done  
   Pass: 1  
   Read option: roundrobin (default)  
   Write option: parallel (default)  
   Size: 14346045 blocks (6.8 GB)  
 d10: Submirror of d0  
   State: Okay  
   Size: 14346045 blocks (6.8 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t0d0s0     0   No      Okay  Yes  
 d20: Submirror of d0  
   State: Resyncing  
   Size: 14346045 blocks (6.8 GB)  
   Stripe 0:  
     Device   Start Block Dbase    State Reloc Hot Spare  
     c0t1d0s0     0   No      Okay  Yes  
 Device Relocation Information:  
 Device  Reloc Device ID  
 c0t1d0  Yes  id1,sd@SATA_____VBOX_HARDDISK____VBcb5e6d6b-901bd4d2  
 c0t0d0  Yes  id1,sd@SATA_____VBOX_HARDDISK____VB983bc998-aa600d6b  
 #  

Mirror ကို Boot တက်လို့ ရအောင် လုပ်ပေးပါမယ်။ ဒါ x86 အတွက်ပါ။ SPARC ပေါ်မှာဆိုရင်တော့ ဒီလိုမဟုတ်ပါဘူး။


 # installgrub /boot/grub/stage1 /boot/grub/stage2 /dev/rdsk/c0t1d0s0  
 stage1 written to partition 0 sector 0 (abs 16065)  
 stage2 written to partition 0, 273 sectors starting at 50 (abs 16115)  

HDD တလုံးထဲနဲ့ Boot လုပ်လို့ ရအောင် ဒီလိုင်းလေးကို /etc/system ဖိုင်ထဲမှာထည့်ထားပါမယ်။
set md:mirrored_root_flag=1


 echo “set md:mirrored_root_flag=1” >> /etc/system  


Disk Mirror လုပ်တာပြီးပါပြီ။ Configure လုပ်ခဲ့တာမှန်မမှန် စစ်ချင်ရင် Primary Disk ကို ဖြုတ်ပြီး Secondary Disk နဲ့ boot တက်ကြည့်ပါ။ Boot တက်လို့ ရတယ်ဆိုရင်တော့အဆင်ပြေပါပြီ။

Tuesday, 14 August 2012

Login Script သို့ မဟုတ် Shell Profile များ

User Login မှာကိုယ် run စေချင်တဲ့ command တွေကို ၀င်လိုက်တာနဲ့ အော်တို run ပေးအောင်သုံးတာဖြစ်ပါတယ်။ User's Start-up ဖိုင်လို့ လည်းခေါ်ပါတယ်။


Environmental Variables တွေ ကြေငြာတဲ့ပုံစံတခုမျိုးပေါ့။ ဥပမာ ကျနော်က MySQL ကို အခုလေးတင်ပဲ Install လုပ်လိုက်ပြီ ဆိုပါစို့ ။ Install လုပ်လိုက်တဲ့နေရာက /usr/local/mysql ပါ။ MySQL နဲ့ ပါတ်သတ်သမျှ binary file တွေ library file တွေ manual file တွေအားလုံးကအဲဒီ /usr/local/mysql  ရဲ့အောက်မှာပဲရှိနေမှာပါ။ mysql ဆိုတဲ့ command ကို ရိုက်လို့ ရဖို့ အတွက် ကျနော် သူ့ ရဲ့ path တခုလုံးကို ရိုက်ရပါမယ်။

 /usr/local/mysql/bin/mysql  


အဲဒီလိုမရိုက်ချင်ဘူး mysql လို့ ပဲ တလုံးတည်းရိုက်လို့ ရချင်တယ်။ ဒါဆိုရင်တော့ Shell ရဲ့ Environmental Variable မှာ MySQL ရဲ့ Binary Path ကို ကြေငြာပေးလိုက် ရမှာဖြစ်ပါတယ်။ ဘယ်လိုကြေငြာမလဲဆိုတော့
ဒီ command ကိုရိုက်ပေးရပါမယ်။

 PATH=$PATH:/usr/local/mysql/bin  

$PATH ကိုဘာလို့ ထည့်တာလဲဆိုတော့ အရင်ကြေငြာထားပြီးသား Binary Path တွေပြန်ရအောင်လို့ ပါ။ အရင်ကြေငြာထားပြီးသား Binary Path တွေကို ကြည့်ချင်တယ်ဆိုရင် ဒီ command ကိုရိုက်ပြီး ကြည့်လို့ ရပါတယ်။


 env | grep PATH  


ဒီလို ကြေငြာပြီးသွားပြီဆိုရင်တော့ mysql လို့ တလုံးတည်းရိုက်လို့ ရသွားပါပြီ။ ဒါပေမယ့် ဒီ session ကို logout လုပ်လိုက်တာနဲ့ ခုနက ကြေငြာထားတဲ့ variable ကပျောက်သွားမှာပါ။ အဲဒီလို မပျောက်ချင်ဘူး login ၀င်လိုက်တိုင်း mysql ဆိုတဲ့ command ကိုရိုက်လို့ ရချင်တယ်ဆိုရင်တော့ Home Directory ထဲမှာ  .profile ဆိုတဲ့ဖိုင်ကို create လုပ်ပြီး အဲဒီဖိုင်ထဲမှာ command ကိုထည့်ပေးထားရပါမယ်။

.profile (or) .bash_profile နမူနာ
 PATH=/usr/local/bin:$PATH  
 export PATH

Solaris 10 မှာ Login ၀င်လိုက်ရင် Shell ကနေပြီးတော့ Linux မှာလိုမျိုး User Name ၊  Host Name နဲ့ Path တွေကိုမပြပေးပါဘူး။ အဲဒီလိုမျိုး ပြတာလိုချင်ရင်တော့ PS1 ကိုကြေငြာပေးရပါမယ်။ ကိုယ့်စိတ်ကြိုက်အရောင်ကို ရေးနိုင်ပါတယ်။ အောက်မှာနမူနာပေးထားပါတယ်။

 PATH=/usr/local/bin:$PATH  
 export PATH  
 PS1="\[\033[1;31m\]\u@\h\033[0m\]:\[\033[1;32m\]\w$\[\033[0m\]";export PS1  


Default Shell ကို configure လုပ်ခြင်း

ပထမဆုံးအကြိမ် Solaris 10 ကို login ၀င်တဲ့အခါ default shell က bourne shell ဖြစ်ပါတယ်။ Default Shell အဖြစ် bash (Bourne Again Shell) ကိုလိုချင်ရင်တော့ /etc/passwd ထဲမှာပြောင်းယူနိုင်ပါတယ်။ passwd ဖိုင်ထဲမှာ user configuration ကို ဒီလိုမျိုး တွေ့ ရမှာပါ။


 root:x:0:0:Super-User:/:/sbin/sh  

root            - ဒါကတော့ User Name ပါ။
                - ဒီဟာကတော့ User ရဲ့ Password ဟာ Encrypt လုပ်ထားတယ်ဆိုတာကိုပြတာပါ။
0                  - ဒီဟာကတော့ UID (User ID)ပါ။
                - ဒီဟာကတော့ GID (Group ID) ပါ။ (GID /etc/group)
Super-User - ဒီဟာကတော့ Description ပါ။
/            - ဒီဟာကတော့ Home Directory ပါ။ login ၀င်ဝင်ချင်းဒီ နေရာကိုရောက်မှာပါ။
/sbin/sh     - ဒီဟာကတော့ Default Shell ပါ။

 login shell ကို /bin/bash လို့ ပြောင်းလိုက် ရင် bash shell ကို Default Shell အနေနဲ့ ရမှာပါ။ တခြား shell တွေ ဥပမာ korn shell လို မျိုးလိုချင်ရင် /bin/ksh လို့ ပြောင်းလိုက်ရင်ရပါလိမ့်မယ်။ bash မှာ တော့ command completion ကို နဲ့ လုပ်လို့ ရတာကြောင့်ရော တွေကိုသွားရင် အဆင်ပြေတာကြောင့်မို့ လူကြိုက်များလေ့ရှိပါတယ်။ ဒါပေမယ့် Unix Administrator တော်တော်များများ ကတော့ Super User နဲ့  bash shell ကို သုံးလေ့မရှိကြဘူး။ command အမှားတခုကို လွယ်လွယ်ကူကူနဲ့  issue လုပ်မိ လိုက်နိုင်တဲ့အတွက်ကြောင့်ပါ။