Pages

Wednesday, 12 December 2012

Shell Scripts များ

Shell Scripts တွေအကြောင်း ရှင်းရရင်တော့ တပုံကြီးပါ။ ကိုယ်တိုင်စာအုပ်ဖတ်ကြည့်မှ ပဲတော်တော် များများ အကြောင်းကို တီးမိခေါက်မိ ရှိနိုင်ပါ့မယ်။ အခုဒီမှာနမူနာပြထားတာကတော့ Java Process တခုရဲ့ Performance ကို jstat , jmap , နဲ့  jstack ဆိုတဲ့ Java command ၃ခုကို သုံးပြီး Monitor လုပ်ရာမှ ရလာတဲ့ result ကို mail နဲ့ ပြန် ပို့ ပေးမှာပါ။ Java process တွေရဲ့ PID ကို သိအောင်လုပ်တဲ့နေရာမှာ unix command (ဥပမာ ps -ef လိုမျိုး) ကိုအသုံးမပြုဘဲ jps ဆိုတဲ့ Java command ကိုသုံးထားပါတယ်။


ဒီနေရာမှာ အဓိကပြောချင်တာက script ရဲ့ အလုပ်လုပ် ပုံသာဖြစ်ပြီး Java အကြောင်း မဟုတ်ပါ။
ကျနော်ကိုယ်တိုင်လည်း Java ကျွမ်းကျင်သူတယောက်မဟုတ်ပါ။ ဒီ နမူနာပေးထားတဲ့ script ကတော့ ကျနော် ကိုယ်တိုင်ရေးထားတာ ဖြစ်လို့ ဘယ်သူမဆို အသုံးတည့်မည်ဆိုရင် လိုအပ်သလို ပြန်ပြင်ပြီးသုံးနိုင်ပါတယ်။

script နှစ်ခုကို ရေးထားပြီး တခုကနေ တခုကိုခေါ်သုံးတဲ့ပုံစံပါ။ တစ်ကယ်တော့ JVM တခုထဲကို လုပ်မယ်ဆိုရင် ဒီတခုထဲနဲ့ တင်ရပါတယ်။ JVM ၂ ခု ဒါမှမဟုတ် ၂ ခုထက်ပိုခဲ့မယ်ဆိုရင် အခုပြထားတဲ့ example ထဲကလိုသုံးမှ အဆင်ပြေနိုင်မှာပါ။ အခုပြထားတဲ့ ဥပမာမှာ jvmlog.sh နဲ့ vm.sh တို့ ကို folder တခုအောက်မှာထားပြီး jvmlog.sh ကို execute လုပ်လိုက်တာနဲ့ vm.sh ကို ခေါ်သုံးသွားမှာပါ။

အောက်က script ကို jvmlog.sh ဆိုပြီး နာမည်ပေးထားပါတယ်။

 #!/bin/sh  
 JDK_32=/usr/jdk/instances/jdk1.6.0/bin  
 echo "Logging JVM for Jgroup ..."  
 /opt/jvmlog/vm.sh `${JDK_32}/jps | grep -v Jps | awk {'if($2=="GossipRouter") print $1, $2 '}`  


#!/bin/sh ဆိုတာ shell နဲ့ run မည့်ဖိုင်ဆိုပြီး ညွန်းထားတာဖြစ်ပါတယ်။

JDK_32=/usr/jdk/instances/jdk1.6.0/bin ဆိုတာ JDK Path ကို ကြေငြာထားတဲ့ variable ဖြစ်ပါတယ်။

echo ဆိုတာကတော့ shell ရဲ့ print ထုတ်တဲ့ command ဖြစ်ပြီး နောက်က " " ထဲမှာရှိတဲ့စာသားကို print ထုတ်ပေးမှာဖြစ်ပါတယ်။

/opt/jvmlog/vm.sh ဆိုတဲ့ script ကိုသွား run ပေးမှာပါ။ နောက်က `` ထဲက value က output ၂ခု ထုတ်ပေးမှာဖြစ်ပြီး အဲဒီ output ကို vm.sh ဆိုတဲ့ script ထဲမှာ အသုံးပြုမှာပါ။

${JDK_32}/jps commandကို run လိုက်ရင် ရှိသမျှ Java process တွေရဲ့ PID နဲ့ class name တွေ ထွက်လာမှာပါ။

grep -v Jps ဆိုတာက အခု run လိုက်တဲ့ jps ရဲ့ process ကို output ထဲကနေ remove လုပ်လိုက်တာပါ။

awk {'if($2=="GossipRouter") print $1, $2 '} ကတော့ GossipRouter ဆိုတဲ့ Class name ရှိတဲ့ process ရဲ့ PID နဲ့ class name ကို output ၂ ခုအနေနဲ့ ထုတ်တာပါ။ ဒီနေရာမှာ awk ကိုမသုံးဘဲ တခြား shell command  တွေ (ဥပမာ cut , sed လိုမျိုး) တွေကိုသုံးလည်းရပါတယ်။



အောက်က script ကို vm.sh ဆိုပြီး နာမည်ပေးထားပါတယ်။  

 #!/bin/sh  
 SERVER=10.65.0.84  
 JDK_32="/usr/jdk/instances/jdk1.6.0/bin"  
 ROOTDIR="/opt/jvmlog"  
 DATE=`date "+%Y-%m-%d-%H:%M"`  
 RECP="myname@mydomain.com"  
 SNDR="myname@mydomain.com"  
 mkdir -p $ROOTDIR/logs/$2  
 LOGDIR=$ROOTDIR/logs/$2  
 JMAPEND=$LOGDIR/"jmap_"$DATE".log"  
 JSTACKEND=$LOGDIR/"jstack_"$DATE".log"  
 JSTATEND=$LOGDIR/"jstate_"$DATE".log"  
 WORKFILE=/tmp/fxspacelog.txt  
 ${JDK_32}/jmap -histo:live $1 > $JMAPEND  
 echo "Jmap Log for $2 $DATE on ${SERVER}" > ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JMAPEND >> ${WORKFILE}  
 sleep 2  
 ${JDK_32}/jstack -l $1 > $JSTACKEND  
 echo >> ${WORKFILE}  
 echo "Jstack Log for $2 $DATE on ${SERVER}" >> ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JSTACKEND >> ${WORKFILE}  
 sleep 2  
 ${JDK_32}/jstat -gcutil -t -h20 $1 1000 20 >> $JSTATEND  
 echo >> ${WORKFILE}  
 echo "Jstat Log for $2 $DATE on ${SERVER}" >> ${WORKFILE}  
 echo >> ${WORKFILE}  
 cat $JSTATEND >> ${WORKFILE}  
 mailx -r ${SNDR} -s "Java Log for $2 $DATE on ${SERVER}" ${RECP} < ${WORKFILE}  


#!/bin/sh ဆိုတာ shell နဲ့ run မည့်ဖိုင်ဆိုပြီး ညွန်းထားတာဖြစ်ပါတယ်။
SERVER ကနေပြီး WORKFILE ဆိုတဲ့အထိက variables များကြေငြာထားတာဖြစ်ပါတယ်။ 
ဒီ script ကို run ရင်နောက်ကနေ input နှစ်ခုထည့်ပေးရမှာဖြစ်ပါတယ်။ ပထမ input ($1) ကတော့ JVM ရဲ့ PID ဖြစ်ပြီး။ ဒုတိယ input ($2) ကတော့ သူ့ ရဲ့ class name ဖြစ်ပါတယ်။

${JDK_32}/jmap -histo:live $1 > $JMAPEND
${JDK_32}/jmap ဆိုတာက jmap command ကိုခေါ်တာဖြစ်ပြီး၊ -histo:live ဆိုတာကသူ့ ရဲ့ switch ပါ။ $1 ကတော့ PID number ဖြစ်ပြီး၊ > sign ကတော့ output ကို $JMAPEND ဆိုတဲ့ဖိုင်ထဲကို redirect လုပ်သွားဖို့ ပါ။

echo "Jmap Log for $2 $DATE on ${SERVER}" > ${WORKFILE}
သက်ဆိုင်ရာ variable တွေရဲ့ value နဲ့  စာကြောင်း ကို ${WORKFILE} ထဲကို write ပါလိမ့်မယ်။

echo >> ${WORKFILE}
blank လိုင်း တခုကို print ထုတ်ပြီး ${WORKFILE} ထဲကို append လုပ်လိုက်တာပါ။

cat $JMAPEND >> ${WORKFILE}
$JMAPEND ထဲက log တွေကို ${WORKFILE} ထဲကို append လုပ်လိုက်တာပါ။

sleep 2
၂ စက္ကန့် လောက် ခဏနားနေတာပါ။

ပြီးရင် jstat နဲ့ jmap လည်းသူတို့ သက်ဆိုင်ရာ command တွေ switch တွေသုံးပြီး အလုပ်လုပ်ပါလိမ့်မယ်။ အားလုံးပြီးသွားရင်ရှိသမျှ log တွေက ${WORKFILE} ထဲမှာ ရေးထားပြီးသားဖြစ်နေပါလိမ့်မယ်။

mailx ကတော့ e-mail ပို့ တဲ့ shell command ဖြစ်ပါတယ်။ သက်ဆိုင်ရာ variable တွေရဲ့ value တွေကိုသုံးပြီး ပို့ သွားမှာဖြစ်ပါတယ်။ Message Body အနေနဲ့  ${WORKFILE} ကိုအသုံးပြုမှာဖြစ်ပါတယ်။


No comments:

Post a Comment