Solaris 10 မှာ အခု Default Runlevel သုံးထားတာက runlevel 3 ဖြစ်တဲ့အတွက် Startup ဖိုင် တွေကို /etc/rc3.d/ အောက်မှာထားပေးရပါမယ်။ Script တွေကို Linux မှာလိုပဲ S အကြီး နဲ့ စပေးပြီး ဂဏန်းနဲ့ တွဲပေးထားပါတယ်။ ဥပမာ S98.mysql တို့ S99.openfire တို့ လိုမျိုးပါ။ File name ကိုတော့ကိုယ့်စိတ်ကြိုက်ပေးထားလို့ ရပါတယ်၊ သတိပြုရမှာကတော့ S အကြီးနဲ့ စပြီး ဂဏန်းနဲ့ တွဲထားဖို့ ပါ။ နောက် ကဂဏန်းတွေပေါ်မူတည်ပြီး OS က အစဉ်လိုက် Execute လုပ်သွားမှာဖြစ်ပါတယ်။ အခုပုံစံမှာဆို ရင် MySQL ကို အရင်စပြီး တော့မှ Openfire ကိုစမှာဖြစ်ပါတယ်။ 98 ကို အရင်စပြီးမှ 99 ကိုစတယ်ဆိုတဲ့သဘောပါ။
ဒီဟာကတော့ S99.openfire နမူနာပါ။
တလိုင်းချင်း ပြန်ရှင်းပြရမယ်ဆိုရင် #!/bin/sh ဆိုတာ Bourne Shell နဲ့ ဒီ Script ကို Execute လုပ်မယ်လို့ ပြောတာပါ။ ဒီနေရာမှာ Bash Shell နဲ့ လုပ်ချင်တယ်ဆိုရင် #!/bin/bash လို့ ပြောင်းပေးလိုက်ရင်ရပါတယ်။
RUNIN=/opt/openfire ဆိုတာက RUNIN ဆိုတဲ့ variable ကိုကြေငြာတာပါ။ သူ့ ရဲ့ value က /opt/openfire ပါ။
RUNAS=openfire ဆိုတာက လည်း RUNAS ဆိုတဲ့ variable ကိုကြေငြာတာဖြစ်ပြီး သူ့ ရဲ့value ကတော့ openfire ဆိုတာဖြစ်ပါတယ်။
case "$1" in ဆိုတာကတော့ ဒီနေရာမှာ $1 ရဲ့ value ကို ထည့်ပြီးစဉ်းစားမှာဖြစ်ပါတယ်။
'start') ဆိုတာ $1 ရဲ့ value ဟာ start ဖြစ်ခဲ့ရင် ဒီနေရာကနေစပြီး ;; ဆိုတဲ့နေရာအထိကို execute လုပ်မှာဖြစ်ပါတယ်။
su $RUNAS -c ဆိုတာ user ပြောင်းပါမယ်။ ဒီနေရာမှာ RUNAS ရဲ့ value က openfire ဆိုတဲ့အတွက် openfire ဆိုတဲ့ user ပြောင်းပြီး နောက်က ' xxxxx' ထဲမှာရှိတဲ့ command ကို execute ဆက်လုပ်ပါလိမ့်မယ်။ 'cd $RUNIN && ./start-openfire.sh' ဆိုတော့ RUNIN ရဲ့ value ဖြစ်တဲ့ /opt/openfire ထဲကို ၀င်ပြီး start-openfire.sh ဆို တဲ့ script ကို execute လုပ်မှာဖြစ်ပါတယ်။
အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ openfire ကို root အနေနဲ့ မ run ချင်လို့ openfire ဆိုတဲ့ user ကိုပြောင်းပြီး run လိုက်တာပါပဲ။
ဒီလိုဆိုရင် stop case ကိုလည်းသဘောပေါက်မှာပါ။ ဒီအတိုင်းပါပဲ။ start-openfire.sh နေရာမှာ stop-openfire.sh ဆိုတာလေးပဲပြောင်းသွားတာပါ။
*) ကတော့ $1 နေရာမှာ start သို့ မဟုတ် stop မဟုတ်ဘူးဆိုရင် ဒီ case ထဲကိုဝင်သွားပါပြီ။ အဲဒီအခါကျရင်တော့ Usage ဟာ start သို့ မဟုတ် stop နဲ့ တွဲသုံးရပါမယ် ဆိုပြီး print ထုတ်ပေးပါလိမ့်မယ်။
ဒီ script ကအခြေခံ လေးတစ်ခုပါပဲ။ ကိုယ်လိုချင်တဲ့ပုံစံကို case ပေါင်းစုံနဲ့ ရေးလို့ ရပါတယ်။
reboot သို့ မဟုတ် halt command တွေလုပ်တိုင်းဒီ script ကို execute လုပ်သွားမှာဖြစ်ပါတယ်။ shutdown ဒါမှမဟုတ် init command တွေနဲ့  သုံးတဲ့အခါမှာ အဆင်ပြေဖို့ အတွက်ဆိုရင် တော့ /etc/rc0.d/ အောက်မှာ ဒီ script ကိုပဲ K99.openfire ဆိုတဲ့နာမည်နဲ့ ထားပေးရပါမယ်။
များသောအားဖြင့်တော့ ဒီ script တွေကို သူ့ ရဲ့  Parent Directory အောက်မှာပဲထားလေ့ရှိပြီး /etc/rc3.d/ တို့  /etc/rc0.d/ တို့ အောက်ကို symbolic link အနေနဲ့ ပဲထားကြပါတယ်။ ဒါမှ တခုခု ပြောင်းချင်တဲ့အခါ တိုင်း centralize ဖြစ်ပြီးအဆင်ပြေမှာပါ။
ဒီဟာကတော့ S99.openfire နမူနာပါ။
#!/bin/sh
RUNIN=/opt/openfire
RUNAS=openfire
case "$1" in
'start')
echo "Starting OpenFire server..."
su $RUNAS -c 'cd $RUNIN && ./start-openfire.sh'
;;
'stop')
echo "Stoping OpenFire server..."
su $RUNAS -c 'cd $RUNIN && ./stop-openfire.sh'
;;
*)
echo "Usage: $0 { start | stop }"
exit 1
;;
esac
exit 0